Lompat ke konten Lompat ke sidebar Lompat ke footer

Widget Atas Posting

 Tulis Artikel dan dapatkan Bayaran Tiap Kunjungan Rp 10-25 / kunjungan. JOIN SEKARANG || INFO LEBIH LANJUT

Composition of Functions

Composition of Functions (Function များကို ပေါင်းစပ်ခြင်း)

ရှေ့မှာတုန်းက function ဆိုတာကို ရှင်းပြခဲ့ပြီးပါပြီ။ အခု Function တွေကို ပေါင်းစပ်ခြင်း အကြောင်း ဆက်လက်ရှင်းပြပါမယ်။ Function ဆိုတာ စက်ကိရိယာ တစ်ခုလိုပဲလို့ ရှေ့မှာ ဥပမာပြခဲ့ပါတယ်။ အဲဒီ စက်တွေကို တစ်ခါတစ်ရံ လိုအပ်သလို ပေါင်းစပ်ပြီး သုံးရပါတယ်။

မြင်သာတဲ့ ဥပမာတစ်ခုနဲ့ ရှင်ပြပါ့မယ်။ အခုမီးတွေ ပျက်တဲ့အခါ အိမ်မှာ မီးစက်မောင်းရတာတွေ ကြုံဘူးမှာပေါ့။ မီးစက်မောင်းဖို့ ဘာတွေလိုအပ်ပါသလဲ။ မီးစက်လိုတာပေါ့လို့ အလွယ်ပြောကြမယ်။ သိပ်ဟုတ်တာပေါ့။ မီးစက်မောင်းဖို့ဆိုတာ မီးစက်ရှိမှ ဖြစ်မယ်လေ။ ကောင်းပြီ။ မီးစက်ရှိတယ်ဆိုပါစို့။ အဲဒီမီးစက်ကနေ လိုချင်တာက လျှပ်စစ်စွမ်းအင် (output) ပေါ့။ သချာင်္စကားနဲ့ ပြောရရင် image ပေါ့။

ဒါကို မီးစက်က ထုတ်ပေးမယ်။ အဲဒီလိုထွက်လာအောင် မီးစက်ကို စက်သုံးဆီ ထည့်ပေးရတယ် မဟုတ်လား။ တကယ်တော့ မီးစက်လို့ အလွယ်ပြောတဲ့ကိရိယာဟာ စက်ပစ္စည်း နှစ်ခုပေါင်းစပ် ထားတာပါ။ ဘာတွေလဲဆိုရင် လျှပ်စစ်စွမ်းအင် ထုတ်ပေးမယ့် dynamo နဲ့ သူ့ကို လည်ပတ်အောင် မောင်းနှင်ပေးမယ့် engine ပါ။ ဒီတော့ သင်္ချာသဘောအရ ပြောရမယ်ဆိုရင် function နှစ်ခု ပေါင်းစပ်ထားတာပေါ့။

ပမာဏကြီးမားတဲ့ ထုတ်လုပ်မှုတွေမှာတော့ engine အစား ရေနွေးငွေ့နဲ့ လည်ပတ်စေတဲ့ turbine ကြီးတွေကို သုံးတာပေါ့။ သူကနေ ဒိုင်နမို အကြီးစား generator ကြီးတွေကို လည်ပတ်စေပါတယ်။

ထုတ်လုပ်မှု စတင်တော့မယ် ဆိုရင် ဒိုင်နမိုကို မောင်းပေမယ့် အင်ဂျင်ကို အရင်ဆုံး မောင်းပေးရမယ်။ အင်ဂျင်ကို မောင်းနှင်ပေးဖို့ အင်ဂျင်ကို လည်ပတ်စေမယ့် စက်သုံးဆီ ထည့်ပေးရပါတယ်။ ဒီနေရမှာ စက်သုံးဆီဆိုတာ element of domain လို့ သင်္ချာစကားအရ ပြောနိုင်ပါတယ်။

turbine ကြီးတွေဆိုရင်တော့ စက်သုံးဆီ အစား စရိတ်သက်သာတဲ့ ရေနွေးငွေ့တို့ ရေအားဒလက်တွေတို့ သဘာဝဓာတ်ငွေ့တွန်းအားတို့ ဆိုတာတွေကို သုံးလေံရှိပါတယ်။ ဒီအခါမှာ အင်ဂျင် (သို့) တာဘိုင်ကြီးတွေ လည်ပတ်လာတယ်။ ဘာထွက်လာပါသလဲ။ စက်စွမ်းအင် ထွက်လာတာပေါ့။ ဒါဟာသချာင်္အမြင်အရ တာဘိုင်က ထုတ်ပေးလိုက်တဲ့ image လို့ ပြောရမှာ ဖြစ်ပါတယ်။

ထွက်လာတဲ့ စက်စွမ်းအင်က ဒိုင်နမို (သို့) generator ကို လည်ပတ်စေပြီး လျှပ်စစ်စွမ်းအင် ထုတ်ပေးတာပါ။ လျှပ်စ်စွမ်းအင်ဆိုတာ ဒီလုပ်ဆောင်ချက်ရဲ့ final image လို့ဆိုရမယ်။ အောက်ကပုံကို ကြည့်ပါ။ ဒါဟာ function တွေကို ပေါင်းစပ် အသုံးပြုထားခြင်းပါပဲ။
http://www.bluffton.edu/courses/TLC/MontelA/Montel/Alternative_Energy_Website/coal_final.gif
ီ
လုပ်ဆောင်ချက် အဆင့်ဆင့်ကို word diagram လေးနဲ့ ဖေါ်ပြကြည့်ရအောင်။ ဒီလိုတွေ့ရမှာပေါ့။


function တွေကို ပေါင်းစပ်ခြင်းဆိုတာလည်း ဒီအတိုင်းပါပဲ။ ဆိုပါစို့။ f ဟာ A နဲ့ B ကို ဆက်သွယ်ထားပြီး ရလာတဲ့ image က f(x) ဖြစ်တယ်။ ဒီ image ကို B နဲ့ C ကို ဆက်သွယ်ပေးတဲ့ function g ထဲကို ထည့်ပေး လိုက်မယ်ဆိုရင် ထွက်လာတဲ့ image ကို g(f(x)) လို့ ခေါ်ပါတယ်။ ဒါဟာ composition of function ပါပဲ။

ဒီလုပ်ဆာင်ချက်ကို တစ်ဆက်တည်း ခေါ်မယ်ဆိုရင်တော့ g . f (g circle f) လို့ ခေါ်ပါတယ်။ ဒါကြောင့် ဆက်သွယ်ချက်ကို အခုလို (g.f)(x) = g(f(x)) ပြောနိုင်ပါတယ်။ အောက်ကပေးထားတဲ့ arrow diagram လေးကို လေ့လာကြည့်ပါ။ ဒါဆိုရင် composition of function ဆိုတာကို နားလည်နိုင်ပြီလို့ ထင်ပါတယ်။



Posting Komentar untuk "Composition of Functions"