Lompat ke konten Lompat ke sidebar Lompat ke footer

Widget Atas Posting

 Tulis Artikel dan dapatkan Bayaran Tiap Kunjungan Rp 10-25 / kunjungan. JOIN SEKARANG || INFO LEBIH LANJUT

Polynomial (Part 2)

လက်တွေဘ၀တွင် အသုံးဝင်သော Polynomial


Polynomial တစ္ခု ကို ေယ်ဘုယ် …

anx n +an – 1x n – 1 + … + a1x + a0  ဖေါ်ပြနိုင်ကြောင်း ပြောခဲ့ပြီးပါပြီ။

ဒီနေရာမှာ an , an – 1, … , a1 , a0 , တို့ဟာ coefficients (မြှောက်ဖော်ကိန်း) တွေ ဖြစ်ကြပါတယ်။ x ဆိုတာကတော့ variable (ကိန်းရှင်) ဖြစ်ပြီးတော့ set of real numbers (ကိန်းစစ် အစု) ထဲက မည်သည့် real number မဆို ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် polynomial ဆိုတာ ကိန်းစစ်အစု နှစ်ခုကြား ဆက်သွယ်ထားတဲ့ function တစ်ခုလို့လဲ ပြောလို့ရပါတယ်။
f : R ----> R, f (x ) = anx n +an – 1x n – 1 + … + a1x + a0  လို့ ပြောနိုင်တာပေါ့။ 

Polynomial တွေ လက်တွေ့လောကမှာ သုံးလို့ရလား၊ ဘယ်နေရာတွေမှာ သုံးလဲ

 

ဆိုကြပါဆို့ သေတ္တာတစ်လုံးကို အနံ x cm ထားမယ်။ အလျားက အနံထက် 3 cm ပိုပြီး၊ အမြင့်က အနံအောက် 2cm လျော့မယ်ဆိုရင်…


အလျား = (x + 3) cm
အနံ = x  cm
အမြင့် = (x – 2) cm ဖြစ်ပါမယ်။ ဒါဆိုရင် …
ထုထည် = အလျား × အနံ × အမြင့် = (x + 3) x  (x – 2) = x 3 + x 2 – 6x  ဆိုပြီး အနံတန်ဖိုး သိရုံနဲ့ ထုထည်ကို ရှာနိုင်တဲ့ ပုံသေနည်း တစ်ခု ရပြီပေါ့။ ၎င်းပုံသေနည်းဟာ polynomial တစ်ခု ဖြစ်တယ် ဆိုတာ သိလောက်ပါပြီ။

အိုလံပစ် အားကစားမှာ ပါဝင်တဲ့ သံလုံးပစ်၊ လှံတံပစ် အားကစားကို အားလုံးသိပြီးသား ဖြစ်မှာပါ။ ပစ်လိုက်တဲ့ သံလုံး၊လှံတံတွေဟာ parabolic carve (ပါရာဗိုလာ မျဉ်းကွေး) အတိုင်း ရွေ့လျားသွားပါတယ်။ အားကစားသမားရဲ့ လက်ထဲမှာ ရှိနေစဉ် သံလုံးဟာ မြေပြင်အထက် တစ်နေရာ(s0) ရှိနေပြီး စပစ်လိုက်တဲ့ အချိန်မှာတော့ အလျင်တစ်ခု (v0) ရရှိသွားပါတယ်။ ရွေ့လျားနေစဉ် အချိန်အတွင်းမှာ သံလုံးဟာ ကမ္ဘာမြေ ဆွဲရှိန်(g) ကြောင့် တစ်သမတ်အမြင့်နဲ့ ရွေ့လျားနေတာ မဟုတ်ပါဘူး။ ပစ်လိုက်တဲ့ အားတစ်ခုကြောင့် မြင့်တက်သွားပြီး အမြင့်ဆုံးနေရာ ရောက်တဲ့အချိန်မှာ ကမ္ဘာမြေ ဆွဲအားကြောင့် ပြန်ကျလာမှာ ဖြစ်ပါတယ်။ ဒီအခါမှာ သံလုံးရွေ့လျားနေစဉ် ဘယ်အချိန် (t) မှာ ဘယ်လောက် အမြင့်မှာ ရှိနေမလဲဆိုတာကို ပုံသေနည်း (formula) ထုတ်ပြီး တွက်ယူနိုင်ပါတယ်။ 

s0 = အားကစားသမား၏ အရပ်
v0 = သံလုံး၏ မူလ အလျင်
g = ကမ္ဘာမြေ ဆွဲရှိန်
t = အမြင့်နေရာ တစ်ခုသို့ သံလုံးရောက်ရှိချိန် 
s = t အချိန်တွင် သံလုံးရောက်ရှိနေသာ အမြင့်


s0, v0, g, t ဆိုသည့် အချက် အလက်များကို သိရှိပါက t အချိန်တွင် သံလုံးရောက်ရှိနေသာ အမြင့်ကို အောက်ပါအတိုင်း တွက်ယူနိုင်ပါသည်။


၎င်းပုံသေနည်းမှာ s ဆိုတာ t နဲ့ တည်ဆောက်ထားသော polynomial function တစ်ခု ဖြစ်တယ်ဆိုတာ သိလောက်ပြီလို့ ယူဆပါတယ်။

Posting Komentar untuk "Polynomial (Part 2)"